Powered By Blogger

Saturday, January 16, 2010

လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ ။

ကဲ....စကားနည်းလေးတစ်ခု ကစားကြည့်ကြရအောင်.......

အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ် လိုက်ပါ...
လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်..
.
ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။

ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

1. လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
လက်မကိုခွါလို့ ရပါတယ်...
လက်မဆိုတာ မိဘကိုဆိုလိုတာပါ...
လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်...
ဒါကြောင့် ခွါလို့ရတာပါ။

2. နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ...
သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။

3. နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်... ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး )

4. နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး...
လက်သန်းလေးကို ထပ်ခွါကြည့်ပါ...
ဒါကတော့ သားသမီးတွေပါ...
သူတို့လည်း ခွဲခွါကြမှာပါ။

5. ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ...
ခွါလို့ရလား...
ခွါလို့မရဘူးမဟုတ်လား...
ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်...
ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။

ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။
ဒါပေမဲ့ ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုကော ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။

ရေးသားသူ--- အမည်မသိလူငယ်တစ်ယောက်

မိန်းမသားတိုင်းလှကြပါတယ်

ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့မူပိုင်


"မေမေ ဘာလို့ ငိုတာလဲ"
"မေမေဟာ မိန်းမသားမို့ပေါ့ကွယ်"
"သား နားမလည်ဘူး မေမေ"
"သား တစ်သက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ်"

"ဖေဖေ... အကြောင်းမရှိဘဲ မေမေ ဘာလို့ ငိုရတာလဲဟင်"
"မိန်းမတွေက ဒီလိုပဲ သားရာ"
ကြီးပြင်းလာတဲ့ အထိ မိန်းမတွေ ဘာလို့ငိုတယ်ဆိုတာကို သား နားမလည်ခဲ့ဘူး။
နောက်တော့ သူဟာ ဘုရားသခင်ကို ဖုန်းဆက် မေးမြန်းပါတော့တယ်။
"မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင်"
"မိန်းမတွေကို စတင်ဖန်တီးလိုက် ကတည်းက သူတို့ကို ထူးခြားအောင်
ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ ပုခုံးနဲ့ ကမ္ဘာကြီးကို ထမ်းပိုးနိုင်အောင်
ဖန်တီးခဲ့သလို ရေလို့ ပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ၀မ်းနည်းမှု၊
နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင်
သူတို့ရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်"

"တစ်ခြားသူတွေ လက်လွတ် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ဇွဲနဲ့
တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့်မိသားစုအပေါ် နောင်တ တရားမရဘဲ
ပြုစုစောင့်ရှောက်ပေးနိုင်ဖို့
လည်း ဖန်တီးခဲ့တယ်"

"ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို
ထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း
ဖန်တီးခဲ့တယ်"

"ခင်ပွန်းရဲ့ ပျော့ကွက်နဲ့ အသုံးမ၀င်မှုတွေကို ခွင့်လွတ်သည်းခံပြီး
ကာကွယ်ပေး တတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှ ကိုယ့်ဇနီးကို နာကျင်အောင်
မလုပ်ဘူးဆိုတဲ့ အသိဥာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်"

"တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို
ထောက်ခံ အားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"နောက်ဆုံး သူ အလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ
သူပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်"

"မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ ခန္ဓာကိုယ်
အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊
မိန်းကလေးတွေရဲ့ အလှကို သူတို့ရဲ့ မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ
စိတ်ရဲ့ တံခါးပေါက်ပဲ"

ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။ မိန်းကလေးတိုင်းကို
ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ
သူတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။
မိန်းမသားတိုင်း လှကြပါတယ်။


ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)